PDF ArchiveHistorical archive . public document
2011 . April . 15

PCFB poems

PCFB poems.pdf . by Khin Ma Ma Myo

PDF 1.4 9 pages 55.93 KB Filed 15/04/2011
Download this PDF
PCFB poems.pdf
Web reader . 5 pages of 9
Page 2 of 9, PCFB poems
2 / 5

File preview

နှစ်သစ်မင်္ဂလာ သ၀ဏ်လွှာ နှင့် သင်္ကြနက် ဗျာစာစုများ နှစ်သစ်မင်္ဂလာ၊ သ၀ဏ်လွှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ ဟောင်းရွက်ညှာ ခါလှစ်လို့၊ တာသစ်ကယ်တဲ့ နံ့ကြိုင် သုတ်ဖြူးလေဆော်က၊ ပန်းကံ့ကော် ၀တ်မှုန်ကျင်း၊ သင်းပျံ့လို့လှိုင်။ ကြယ်နှစ်ပြိုင်၊ သွယ်ဆိုင်ပ၀င်း စိတြငယ်နှင့်၊ ငွေလသော်တာတို့ ယုဂန်ချတောင်တော်စွန်းမှာ ထွန်းထိန်လို့လင်း။ ဆိုပြီး ဘိုးသူတော်ဦးမင်း ရေးဖွဲ့ခဲ့တဲ့ မြန်မာ့နှစ်ကူးချိန်၊ တန်ခူးလ အခါသမယကို ရောက်ရှိလို့ လာပါပြီ။ ဒီချိန်ခါ သမယမှာ မြန်မာနိင်ုငံသူ၊ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ နိုင်ပါစေကြောင်း မြန်မာနိင်ုငံ လူထုလှုပ်ရှားမှု အင်အားစုများ (မလအ) မှ ဦးစွာပထမ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်။ "နှစ်ဆန်းငယ်သင်္ကြန်၊ သစ်သစ်သာဖန်တော့တယ်၊ နိုင်ငံကြော့ပြည်သူမှာ၊ ပန်ဆုယူ၊ တာရေသွန်းချိန်မို့"။ အဲသလို မဟာအတုလမင်းကြီး ရေးဖွဲ့ခဲ့တဲ့အတိုင်း သင်္ကြန်အချိန်အခါနဲ့ အတာရေသဘင်ဟာ ကျွန်ုပ်တို့ မြန်မာလူမျိုးတွေရဲ့ နှလုံးသားမှာ ကိန်းဝပ် နေတဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ဖြစ်ပါတယ်။ ရေဆိုတာ အေးမြကြည်လင်ခြင်း၊ အညစ်အကြေးကို ဆေးကြောခြင်းနဲ့ ရေကိုသား၍ အကြားမထင်ဘဲ ဆက်စပ် နေခြင်းဆိုတဲ့ နိမိတ်သုံးပါးကို ဆောင်ယူတယ်လို့ ပညာရှိက၀ိတွေက မိန့်မှာခဲ့ ကြပါတယ်။ ဒါကြောင့် အတာရေကစားပွဲနဲ့အတူ နှစ်ဟောင်းက အညစ်အကြေး တွေကို ဆေးကြောသန့်စင်ပြီး၊ ပြည်သူအပေါင်းတို့ရဲ့ စိတ်ဓာတ်တွေ နှစ်ကူး ရေစင်ကဲ့သို့ အေးမြကြည်လင်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ် ပါတယ်။ ရဟန်းရှင်လူ၊ တိုင်းရင်းသား ပြည်သူအချင်းချင်း ရေကိုသား၍ အကြား မထင်သကဲ့သို့ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် ဆက်စပ်ပြီး၊ မြန်မာ တမျိုးသား လုံးရဲ့ ဘ၀အနာဂတ်တွေကို အမှောင်ချထားတဲ့ စစ်အာဏာရှင် စနစ်ကို လက်တွဲ တော်လှန်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ် ပါတယ်။ ရှေးမြန်မာတို့ရဲ့ ရွှေတောင် အတာသဘင် ဦးအောင်ကြီးက ယဉ်ကျေးမှုကို “ကောင်းကင်မိုးလ၊ ဆီသည်ရွာစား စိတ္တရနှင့်၊ လက်ျာ မိဿရာသီ၊ အညီခါကျော်၊ နှစ်ဦးပေါ်က၊ ကံ့ကော်ရင်ကတ်၊ ပင်တိုင်းညွတ်မျှ၊ ပွင့်ဝတ်ဝေေ၀၊ တောင်လေသုတ်ဖြူး၊ လတန်ခူးမူ၊ မြူးထူးပျော်ရွှင်၊ တာသဘင်ဝယ်၊ ဆင်ယင်တုပ၊ လှရရတည့်၊ ငြိမ့်မျှစောင်းငြင်း၊ အဲသီချင်းနှင့် ထုံသင်းနံ့သာ၊ ရေသီဒါငယ်၊ စမ္ပာကရမက်၊ ပန်းပေါင်းဖက်၍၊ ရွှေခွက်အပြည့်၊ မွှေးမျိုးထည့်မှ၊ လည်လှည့်ဆူလှယ်၊ ကင့်စံပယ်လျက်၊ ပြုံးရယ်ရွှင်အား၊ စံပျော်ပါးသည်၊ ကစား ထုံရည်၊ ဖျန်းတည့ေ် လး။ ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝ နန်းတည့်လေး။” အဲသလို ဖွဲ့ဆိုခဲ့ဖူးပါတယ်။ ဒီလို ပွင့်လင်းစည်ပင်၊ သာယာခဲ့တဲ့ ရွှေပြည်မြန်မာ နိုင်ငံကြီးဟာ စစ်အာဏာရှင်စနစ်ဆိုးကြောင့် ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံအဖြစ်ကို သက်ဆင်းသွားခဲ့ရပြီး ပြုံးရယ်ရွှင်အား ပျော်မြူးကြ ရမယ့် မြန်မာပြည်သူတို့ရဲ့ ဘ၀လေးတွေ ညှိုးနွမ်းနေခဲ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် မင်းဆိုးမင်းညစ် ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးပြီး၊ ကောင်းမွန် ထူးခြား၊ ၀တ်စားသာရွှင်၊ တန်ဆာဆင်၍ မြူးထူး ပျော်ရွှင်စွာ ဆင်ယင် ကျင်းပ နိုင်တဲ့ အတာသဘင်ပွဲတော်များကို ဒီနှစ်သစ် အခါသမယ ကစပြီး နောင် အနာဂတ်များမှာ ပေါ်ပေါက်လာပါစေကြောင်းကိုလဲ ဆုတောင်းမေတ္တာ ပေးပို့ အပ်ပါတယ်။ မြန်မာပြည်သူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ။ အတာ့ကို လွမ်းတယ် မဆွေးဘယ်သူ မလွမ်းဘယ်သူရှိနိုင် မလဲ နှစ်သစ် အခါသမယ ဒီအချိန် ဒီအခါကိုရောက်ရင်ပေါ့...အတာ။ သင်္ကြန်မိုးအေး မြေသင်းမွှေး သင်းပြပြနဲ့ အဆင်းလှတဲ့ ပိတောက်တွေရွှေရည်လူးရင်ဖြင့် မရောက်တာကြာပြီဖြစ်တဲ့ အတာ့ဆီ မပြောတာကြာပြီဖြစ်တဲ့ အတာ့အကြောင်း တစ်နှစ်တခါ ဆိုပါတော့... အပေါင်းသင်းများစုမိတဲ့ ဒီချိနရ်ာသီတွေ ဆို ပြောရင်းလွမ်းရင်း အတိတ်ကအတာ့အကြောင်းလေးတွေက အပျော်အားထက်အလွမ်းအားကို ပိုလို့ နေစေပြန်ပေါ့...အတာ။ သြော်...အခုခေတ်ခါမှာ ခေတ်စနစ်ဆိုးအောက်က နှစ်သစ်ရဲ့သင်္ကြန် ဒို့...ပြည်သူတွေ ပျော်ပဲပျော်နငို်ကြရဲ့လား... သံချပ်တွေနဲ့ အော်ပဲအော်နိုင်ကြရဲ့လား...ဆိုပြီး မချိရင်ထဲ ဝေဒနာတွေစွဲ သတိယှဉ်တွဲ ဝေဒနာတွေစဲ...ပေမယ့် ဘယ်ဆီ ဘယ်ဝယ်ရောက်နေရောက်နေ အတာ့ကိုတော့ နှစ်စဉ်လိုလို အလွမ်းအားတွေပိုလို့နေမြဲပါ...အတာ။ အမေ့သား(ဒိန်းမတ်) နှစ်သစ်ကူးလက်ဆောင် အတာကူးတဲ့နှစ်သစ်တခူး......................ပိတောက်တွေရွှေရည်လူး တမ်းတစိတ်နဲ့မြူးကြူး .......................မပြောပြတတ်အောင်ရူး ရွှေပြည်တော်ကိုပြန်မရောက်တာ.............တော်လှန်ရေးကခပ်ကြာကြာ အာဏာရှင်စစ်ဘီလူး............................မယားကောင်းဖို့တိုက်တွေတူး ကုန်ဈေးနှုန်းကမိုးပေါ်ထောင်.................ပြည်သူတွေကနောက်ကျောပြောင် ရုပ်သေးအစိုးရပေါ်ထွက်လာ..................ပြည်သူတွေကမကြိုက်ပါ အာဏာရှင်စေတနာထူး........................ထောင်ဝင်စာတောင်မတွေ့ရဘူး တနေ့လုပ်လို့...........................................တနေ့မစားနိုင် ဘယ်သူ့အပြစ်လည်း.............................ဘယ်သူ့အပြစ်လည်း ကုန်ဈေးနှုန်းကမကျတာ........................လူထုအစိုးရ မဟုတ်လို့ပါပဲ ၆၀၀ ရတဲ့ရွှေပင်စင်..............................မုန့်ဟင်းတစ်ပွဲနဲ့ အကြော်ဖိုးလောက်ပဲ နိုင်ငေံ ရးအကျဉ်းသားပြန်မလွှတ်တာ......... အာဏာရှင်တွေကြောက်လို့....ကြောက်လို့ အမှောင်ထုကိုတိုက်ဖျက်မှ......................တို့ပြည်သူတွေ အလင်းရ ဝင်ငွေထွက်ငွေမမျှတာ..........................လုပ်အားတန်ဖိုး နည်းလို့...နည်းလို့ လောင်စာဆီတွေထွက်နေတာ.................စစ်ရေးစရိတ်အသုံးပြုဖို့ပဲ ပြည်တွင်းစစ်မီးငြိမ်း သတ်ရေး..................အတိုက်ခံတွေ နည်းလမ်းရှာကြ နည်းလမ်းရှာကြံ စေတနာမှန်..................ဒီမိုကရေစီရဖို့ပါပဲ နှစ်သစ်ကူးမှာပြည်သူ့အတွက်.................တို့တတွေ လက်ခြင်းဆက်....။ ဒေါ်မော်လီ (ကနေဒါ) အတာရေနဲ့အတူ နှစ်ကူးသစ်ချိန် အခါသမယ အတာရေသွန်းလောင်း၊ ဖြန်းပက်ချိန်မှာ ရွှေရည်စိမ် အပြုံး ရွှေရည်စိမ် အမုန်း၊ ရွှေရည်စိမ် စေတနာ၊ ရွှေရည်စိမ် မေတ္တာ၊ ရွှေရည်စိမ် သစ္စာ၊ ရွှေရည်စိမ် ဘ၀ ရွှေရည်စိမ် မိတ်သဟာ၊ ရွှေရည်စိမ် ဖွဲ့စည်းပုံ ရွှေရည်စိမ် ဒီမိုကရေစီတို့ အတာရေနဲ့အတူ ကွယ်ပျောက်ရပါစေသား။ မြန်ပြည်သူတို့ဘ၀ အေးချမ်းကြပါစေသား။ ခင်မမမျိုး (ယူကေ) မြန်မာနိုင်ငံ လူထုလှုပ်ရှားမှု အင်အားစုများ (မလအ) မှ ထုတ်ဝေသည်။

Download PCFB poems

PCFB poems.pdf . PDF . 55.93 KB . 9 pages

Download PDF

File information

File name
PCFB poems.pdf
Author
Khin Ma Ma Myo
Size
55.93 KB
Pages
9 pages
PDF version
1.4
Produced with
Writer / OpenOffice.org 3.2
Filed on
15/04/2011
Page views
1 330
Document ID
pcfb-poems
MD5
3a9cdeb359380bbfb9b3ec30437d55f7
SHA-512
61ab2d883b6ef248a7b0a122be5ff03767e238676eda06f250161049a6c4a1cb92e1846f45a69472db63be4a253cd4e311b0226cadb3b97284ddcf95b2b55a07

Share this document

This address never changes. It is the one to keep, to send, or to cite.

Shorter, for a text message or a post with a character limit.

To link to this document from a website or a blog.